Tue Dec 31 2024 • 1 mins read
၁။ ကျွန်တော်တို့ သွားမယ့် လမ်ကြောင်းကို ရွေးရပါမယ်။
Web development နယ်ပယ်မှာ ရွေးချယ်စရာလမ်းကြောင်းတွေ ရှိပါတယ်။ Front-end, back-end, full-stack စသည်ဖြင့် အမျိုးမျိုးကွဲပြားပါတယ်။ Front-end development မှာဆိုရင် အသုံးပြုသူ user တွေ မြင်တွေ့ရမယ့် အပိုင်းတွေကို အဓိက ဦးစားပေး ရေးဆွဲပါတယ်။ Back-end development ကတော့ server, database, application logic စတဲ့အပိုင်းတွေကို အဓိက ရေးသားတာဖြစ်ပါတယ်။ Full-stack development ကတော့ front-end နဲ့ back-end နှစ်ခကိုပေါင်းစည်းပြီး ရေးသားလုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဆိုတော့ မိမိက ဘယ်လိုအပိုင်းမှာ ပိုစိတ်ဝင်စားလဲဆိုတာ သိရပါမယ်။
၂။ အခြေခံကနေ စပြီးလေ့လာရပါမယ်။
မိမိ သွားချင်တဲ့အပိုင်းကို ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီအပိုင်းနဲ့ သက်ဆိုင်တဲ့ language တွေ၊ tool တွေ၊ framework တွေကို လေ့လာရပါမယ်။ Front-end development အတွက်ဆိုရင် HTML, CSS, JavaScript ကို စလေ့လာရပါမယ်။ HTML နဲ့ CSS ဆိုတာ website တွေရဲ့ အခြေခံ အုတ်မြစ်တွေဖြစ်ပါတယ်။ Javascript ကတော့ programming language ဖြစ်ပြီး ကျွန်တော်တို့ရဲ့ website တွေကို interactive ဖြစ်ဖို့၊ business logic တွေ ထည့်သွင်းဖန်တီးနိုင်ဖို့ အသုံးပြုပါတယ်။ Javascript ကိုလေ့လာပြီးသွားရင်တော့ framework တွေ libraries တွေကို လေ့လာရပါမယ်။ UI ရေးဆွဲဖို့အတွက် bootstrap, tailwind, sass စသည်ဖြင့် CSS libraries တွေ၊ framework တွေ။ ပြီးသွားတဲ့အခါ React, Vue, Angular စသည်ဖြင့် Javascript libraries တွေ၊ framework တွေ ရွေးချယ်စရာအများကြီး ရှိပါတယ်။ အကုန်လုံးကို လေ့လာဖို့ မလိုပဲ မိမိအတွက် အဆင်ပြေမယ့် တခုကိုသာ အလေးပေး လေ့လာသင့်ပါတယ်။
Backend Development အတွက်ဆိုရင်တော့ Javascript, PHP, Python, Java, Ruby စသည်ဖြင့် ရွေးချယ်စရာ programming language တွေအများကြီးရှိပါတယ်။ အကုန်လုံးကို လေ့လာဖို့မလိုအပ်ပါဘူး။ သက်ဆိုင်ရာ programming တွေရဲ့ သဘောတရားတွေကို နားလည်ဖို့အရင်လိုအပ်ပါတယ်။ မိမိအတွက် အဆင်ပြေနိုင်မယ့် language တခုကို ရွေးချယ်သင့်ပါတယ်။ Javascript ကတော့ လက်ရှိ web community မှာ တော်တော်လေး နေရာယူထားတဲ့ language တခုဖြစ်ပါတယ်။ PHP ကတော့ ဟောင်းပေမယ့်ကောင်းနေဆဲ ဆိုတဲ့အတိုင်း server side ပိုင်းအတွက် အင်မတန်အားထားရတဲ့ language ဖြစ်ပါတယ်။ Python ကတော့ လေ့လာရတာ လွယ်ကူ ရိုးရှင်းပြီး တော်တော်လေး အသုံးများတဲ့ language တခုဖြစ်ပါတယ်။ Java ကတော့ learning curve ကြာပေမယ့် large-scale application တွေအတွက် အလွန်အသုံးဝင်တဲ့ language တခုပါ။
Language တခုကို လေ့လာပြီးသွားတဲ့အခါ သက်ဆိုင်ရာ framework ကို လေ့လာရပါမယ်။
Javascript မှာဆို node/express ကို အသုံးများပါတယ်။ PHP မှာဆို Laravel အသုံးများပါတယ်။ Python မှာဆို Django, Flask စသည်ဖြင့်ရှိပါတယ်၊ လူသုံးနည်းပါတယ်။ Java အတွက်ဆို spring MVC ရှိပြီး C# မှာဆို .NET လိုကောင်တွေရှိပါတယ်။ Ruby မှာဆိုရင် Rail လိုမျိုး framework တွေရှိပါတယ်။
Database အတွက်ဆိုရင် SQL နဲ့ NoSQL ဆိုပြီး ရှိပါတယ်။ SQL မှာဆို PostgreSQL နဲ့ MySQL ကို recommend ပေးပါတယ်။ NoSQL မှာဆိုရင် MongoDB အသုံးများပါတယ်။ ပုံသေမရှိပေမယ့် requirement ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာမို့ အခြေခံ သဘောတရားတွေကို နားလည်ထားဖို့တော့လိုပါတယ်။ နောက်ဆုံးမှာတော့ version control တွေအကြောင်းလေ့လာရပါမယ်။ အထူးသဖြင့် git နဲ့အလုပ်လုပ်တတ်ဖို့ အရေးကြီးပါတယ်။ Dev တယောက်ဖြစ်လာပြီဆိုရင် git ဟာ သူ့ဘဝရဲ့လက်တွဲဖော် ပါတနာဖြစ်လာပါပြီ။
၃။ ကိုယ်ပိုင် project သေးသေးလေးတွေရေးကြည့်ဖို့ လိုပါမယ်။
အပေါ်မှာပြောခဲ့တဲ့ နည်းပညာတွေကို လေ့လာပြီးသွားရင် hand-on experience တွေ ရနိုင်ဖို့အတွက် mini project လေးတွေ ရေးကြည့်သင့်ပါတယ်။ ဥပမာ၊ personal website, to do list စသည်ဖြင့် ရေးကြည့်ပါ။ အဲနောက်ပိုင်း ပိုပြီး complex ဖြစ်တဲ့ blog site တွေ၊ e-commence site တွေ စမ်းရေးကြည့်သင့်ပါတယ်။ Youtube မှာလည်း step by step tutorial တွေရှိတာမို့ အရမ်း ခက်ခဲမှာမဟုတ်ပါဘူး။
၄။ အထင်ကြီးစေလောက်မယ့် portfolio တခု တည်ဆောက်ပါ။
ကိုယ်လေ့လာထားတဲ့ knowledge တွေ၊ project experience တွေကို အစီအစဉ်တကျ စုစည်းပြီး personal website ဒါမှမဟုတ် GitHub မှာ ပြထားသင့်ပါတယ်။ GitHub မှာ တင်တဲ့အခါလည်း ကိုယ့် project ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်စေဖို့ readme မှာထည့်ပြီး ဖော်ပြသင့်ပါတယ်။
၅။ သက်ဆိုင်ရာ community တွေမှာ ဝင်ရောက်ပါ။
မိမိက ဒီ career ကိုရွေးချယ်ထားတာဖြစ်တဲ့အတွက် ဒီ career နဲ့ သက်ဆိုင်တဲ့ group တွေ၊ event တွေ၊ seminar တွေ၊ workshop တွေမှာ ပါဝင်သင့်ပါတယ်။ လူမှုကွန်ယက်တွေမှာဆိုရင် နည်းပညာနယ်ပယ်ထဲက စီနီယာ influencer တွေ၊ organization တွေ၊ ကုမ္မဏီတွေကို follow ထားသင့်ပါတယ်။ ဒါမှလည်း ဒီနယ်ပယ်နဲ့ပတ်သတ်တဲ့ opportunity တွေအများကြီးရရှိလာမှာဖြစ်ပါတယ်။
၆။ အသစ်သစ်သော အကြောင်းအရာတွေကို အမြဲမပျက် လေ့လာနေဖို့လိုအပ်ပါတယ်။
အိုင်ဒီနယ်ပယ်ဟာ တနေ့ထက် တနေ့ ပြောင်းလဲနေတဲ့အတွက် နည်းပညာအသစ်တွေ၊ အိုင်ဒီယာအသစ်တွေဟာ တိုးတတ်လာပါတယ်။ကျွန်တော်တို့ ထပ်ပြီး လေ့လာရမယ့် နယ်ပယ်တွေ၊ နည်းပညာတွေ အများကြီး ကျန်ရှိပါတယ်။ ဒီတော့ ပိုပြီးခက်ခဲနက်နဲတဲ့၊ ပိုပြီးဆန်းသစ်တဲ့ နည်းပညာတွေကို ဆက်ပြီးလေ့လာနေဖို့လည်း လိုအပ်ပါတယ်။
Let's all you guys be 10x developers.
You can follow me on Youtube