Fri Jan 03 2025 • 1 mins read
Eric Barone ဆိုသူဟာ ၂၀၁၁ ခုနှစ်မှာ Washington University က Computer Science ဘွဲ့ရပြီးတဲ့နောက် သက်ဆိုင်ရာနယ်ပယ်မှာ အလုပ်တွေ လိုက်လျှောက်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ အားလုံးက သူ့ကို ပယ်ချခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အတွက် အလုပ်မရခြင်းက အဓိကမဟုတ်တော့ဘဲ၊ သူ့ဘဝကို ပြန်လည်ဆန်းသစ်ဖို့ ဖြစ်လာခဲ့ပါတယ်။
Eric ရဲ့ ပန်းတိုင်က Coding Skill ကိုပိုမိုကောင်းမွန်စေဖို့အတွက် Personal Game တစ်ခု ဖန်တီးဖို့ပါ။ ဒါကြောင့် သူက ဂိမ်းတခုကို ဖန်တီးဖို့ အစပြုခဲ့ပါတယ်။ တစ်နေ့ကို ၁၀ နာရီ၊ တစ်ပတ်ကို ၇ ရက်၊ လေးနှစ်တိတိ တစိုက်မတ်မတ် ရေးသားခဲ့ပါတယ်။ အဲဒီကာလတွေမှာ သူ့ဘေးက သူ့ချစ်သူကောင်မလေးဟာ သူ့အစား အလုပ်ကို နေရောညပါ ၂ဆလုပ်ပေးခဲ့ပြီး အပြည့်အဝ ထောက်ပံ့မှုပေးခဲ့ပါတယ်။
အဲဒီလို အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်ပေးပြီး အမြဲထောက်ပံ့ပေးခဲ့တဲ့ အချစ်တစ်စုံကြောင့် Eric ဟာ Stardew Valley လို့ခေါ်တဲ့ ဂိမ်းကို နောက်ဆုံးမှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ Stardew Valley ရဲ့ ထူးခြားချက်ကတော့ Animation, Music, Storyline, နောက်ခံစာသားတွေအပြင် ဂိမ်းအတွင်းမှာပါတဲ့ အရာအားလုံးကို Eric တစ်ဦးတည်းက ဖန်တီးခဲ့တာပါ။ Stardew Valley ဟာ ကမ္ဘာတစ်ဝန်းမှာ ၃၀ မီလီယံ ကော်ပီအထိ ရောင်းချနိုင်ခဲ့ပြီး ဂိမ်းကစားသူတွေကြား ထင်ရှားတဲ့ ဂိမ်းတစ်ခု ဖြစ်လာပါတယ်။ သူ့ရဲ့ ရည်မှန်းချက်အပြင် အခက်အခဲတွေကို ရင်ဆိုင်ပြီး တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုက ဒီလိုမထင်မှတ်ထားတဲ့ အောင်မြင်မှုတစ်ခုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။
Eric Barone ရဲ့အောင်မြင်မှု နောက်ကွယ်က ဖော်ပြနေတဲ့ အမှန်တရားတခုလည်း ရှိနေပါတယ်။ အဲဒါကတော့ သင့်အနေနဲ့ ကျောင်းပြီးသွားလို့ အလုပ်မရခဲ့ရင်တောင် Eric လို့ အောင်မြင်ဖို့ မလွယ်ကူနိုင်သေးတာပါပဲ၊ အကြောင်းကတော့ Eric လိုမျိုး ထောက်ပံ့မှုအပြည့်အဝပေးမယ့် ချစ်သူကောင်မလေးတစ်ယောက် ရှိမနေလို့ပါပဲ။ ဒါကြောင့် အောင်မြင်မှုတွေအတွက် နောက်ကွယ်မှာ Supportive Girlfriend လေးတယောက်ကို ပိုင်ဆိုင်ထားဖို့လည်း အရေးကြီးကြောင်း အကြုံပြုလိုက်ပါတယ်ခင်ဗျာ။ 😆
#CodeWithThura